Pogba ဟာ အီတလီကိုပြောင်းရွှေ့နိုင်ကြောင်း၊အီတလီဟာသူ့ရဲ့မွေးရပ်မြေကဲ့သို့ဖြစ်နေကြောင်းသူ့ရဲ့ ကိုယ်စလှယ်Riolaကမနေ့ကပြောထားတယ်။

မန်ယူက Pogba ဈေးကိုသန်း ၁၅၀ သတ်မှတ်တဲ့အချိန် Juventus ဖက်ကလည်း Ronaldo နဲ့ထည့်သွင်းပြီးဈေးလျော့လာဖို့ဖန်တီးလာပါတယ်။

မန်ယူကိုပြန်လာချင်တယ်လို့ရင်ဖွင့်လာဖူးတဲ့ Ronaldo ကမန်ယူကိုတကျော့ပြန်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

အသက်အရွယ်အကျပိုင်းရောက်လာပေမယ့် Juventus မှာသွင်းထားတဲ့ဂိုးအရေအတွက်နဲ့ သူရဲ့ကြံ့ခိုင်မှုကြည့်မယ်ဆိုရင် Premier League မှာ နှစ်နှစ်လောက်တော့ကောင်းကောင်းကစားနိုင်အုံးမှာပါ။